ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အရာရှိကြီးများအတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့်စပ်လျဉ်း၍ အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင် ဉပဒေပုဒ်မ ၂၂ (က)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်မြောက် အခါ သမယဖြစ်သဖြင့် လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိရာ “ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများနှင့် စပ်လျဉ်းသည့် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ” ကို ရန်ကုန်မြို့ရှိ Lotte Hotel ၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့၊ ၀၉း၀၀ နာရီ အချိန်မှ ၁၂း၀၀ နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့် အရာရှိကြီးများ တက်ရောက်ခဲ့ကြ ပြီး  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က မိတ်ဆက် စကား ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားပြုလုပ်ဆောင်ရွက်ပြီးနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြု လုပ်ခဲ့ရာ ဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် သက်ဆိုင်သော မှတ်တမ်း Video များ ပြသ၍ ကြေညာစာတမ်းအား ဆွေးနွေးမိတ်ဆက်ခဲ့ပြီး ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ပါ အခွင့်အရေးများနှင့် စပ်လျဉ်း၍ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့် ညွှန်ကြား‌ရေး မှူး ဦးအာကာဟိန်းစိုးတို့က အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာ အပေါ် အနှစ်ချုပ် ပြန်လည်ဆွေးနွေးခဲ့ပြီး ပါဝင်တက်ရောက်လာသော အရာရှိများက သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာပုဂ္ဂိုလ်များက ကဏ္ဍအလိုက် အသီးသီး ပြန်လည် ဖြေကြားခဲ့ကြပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ယခုကဲ့သို့သော အလုပ်ရုံ ဆွေးနွေးပွဲများ  ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များအတွင်း  လူ့အခွင့်အရေး အသိပညာ တိုးပွားလာခြင်းနှင့်အတူ  ပြည်သူများအနေဖြင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေးနှင့် ဖွံဖြိုးရေး လုပ်ငန်းစဉ်များတွင် လူ့အခွင့်အရေး အခြေခံဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Recent News