ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေး အလုပ်ရုံသင်တန်း၊ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေး ကော်မတီဝင်များအတွက် ကလေး သူငယ်အခွင့်အရေး အလုပ်ရုံသင်တန်းနှင့်ရပ်ရွာအခြေပြု လူ့အခွင့်အရေး အလုပ်ရုံ ဆွေးနွေးပွဲ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ ကော်မရှင်အဖွဲ့ဝင်  ဦးခင်မောင်လေးနှင့်ကော်မရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ခရိုင်အဆင့် အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို အင်းစိန်မြို့နယ်၊ ရွှေပြည်သာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမတွင် ၂ ရက်ကြာ ကျင်းပြုလုပ်ခဲ့ပြီး အဆိုပါအလုပ်ရုံသင်တန်းသို့ ခရိုင်အဆင့် အစိုးရ အရာထမ်း ၅၄ ဦးတက်ရောက်ခဲ့ပါသည်။

အလားတူ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံ သင်တန်းကို ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်အဆင့် ကလေးသူငယ်ကော်မတီဝင် ၂၅ ဦး တက်ရောက်ခဲ့ကြပါသည်။

 ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရပ်ရွာအခြေပြု လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအား ဆက်လက်ကျင်းပခဲ့ပြီး အစိုးရအရာထမ်းများ၊ NGOများ၊ CSO များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ သင်တန်းသား ၅၀ ဦးတက်ရောက်ခဲ့ကြပါသည်။

 ဆက်လက်၍ ၂၀၁၈ ခုနှစ်အတွင်းတွင် ကော်မရှင်အနေဖြင့် အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းနှင့် ရပ်ရွာအခြေပြု လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။