ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ ဘိုးဘွားဂေဟာနှင့် ပရဟိတ ဘိုးဘွားရိပ်သာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးမှုသတင်း
မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်ဥပဒေ ပုဒ်မ ၂၂ (င) အရ ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်ရုံးဝန်ထမ်းများသည်
၂၃-၅-၂၀၁၆ ရက်နေ့ နှင့် ၂၄-၅-၂၀၁၆ ရက်နေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
ဘိုးဘွားရိပ်သာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာ၌
၂၃-၅-၂၀၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကက်သလစ်
သီလရှင်လေးများ၏ဘိုးဘွားရိပ်သာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အဆိုပါ
ရိပ်သာတွင် အဘိုး (၄၀) ဦး၊ အဘွား (၉၀) ဦးတို့ကို လက်ခံစောင့်ရှောက်ပေးလျက်ရှိသည်။
၂၄-၅-၂၀၁၆ ရက်နေ့၌
ဗဟန်းမြို့နယ်၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ
အဆိုပါရိပ်သာတွင် အဘိုး (၆၂) ဦး၊ အဘွား(၁၂၅) ဦးတို့ကို လက်ခံစောင့်ရှောက်ပေးလျက်ရှိသည်ကို
တွေ့ရှိခဲ့ပါသည်။
ထို့ပြင် မရမ်းကုန်းမြို့နယ်၊
လူမှုဝန်ထမ်း ဦးစီးဌာန၊ သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာတွင်
အဘိုး (၅၀) ဦး၊ အဘွား (၂၀) ဦးတို့ကို လက်ခံစောင့်ရှောက်ပေးလျက်ရှိသည်။
ဘိုးဘွားများ၏စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ
လိုအပ်ချက်များကို ကောင်းမွန်စွာ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်ကို လေ့လာတွေ့
ရှိခဲ့ပါသည်။
စစ်ဆေးတွေ့ရှိချက်နှင့်
အကြံပြုတိုက်တွန်းချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဘိုးဘွားရိပ်သာများသို့
ပေးပို့သွားမည်ဖြစ်ပါသည်။



