ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ “တရားမျှတသော အခွင့်အလမ်းများဖြင့် တည်တံ့သောငြိမ်းချမ်းရေး တည်ဆောက်မည့် တို့လူငယ်” ခေါင်းစဥ်နှင့် စပ်လျဥ်း၍ အသိပညာပေး ‌‌ ဟောပြောပို့ချ (ရန်ကုန်၊ သြဂုတ်လ ၈ ရက်)

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော် နိုင်ရန် လုပ်ငန်းများ အစဥ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန် အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဥ်မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ရေးဆွဲ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းလည်းပါဝင်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီက ကြီးမှူး၍ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ၁၁-၈-၂၀၂၅ ရက်နေ့နှင့် ၁၂-၈-၂၀၂၅ ရက်နေ့များ၌ “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားနှင့် လူငယ်ဖိုရမ်” ကျင်းပပြုလုပ်ရာတွင် ပါဝင် ဆွေးနွေးမည့်လူငယ် (၄၅) ဦးအား ၈-၈-၂၀၂၅ ရက်နေ့ ၀၉း၀၀ နာရီအချိန်မှ ၁၂း၀၀ နာရီ အချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ လူငယ်စင်တာ၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်တို့က အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ အဆိုပါဆွေးနွေးဟောပြောပွဲတွင် “တရားမျှတ သော အခွင့်အလမ်းများဖြင့် တည်တံ့သောငြိမ်းချမ်းရေး တည်ဆောက်မည့် တို့လူငယ်” ခေါင်းစဥ်နှင့် စပ်လျဥ်း၍ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များမှ ပန်းတိုင် ၁၀၊ ၁၆ တို့နှင့် ဆက်စပ်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် လူငယ်များက ဆွေးနွေးဟောပြောခဲ့သည့် အကြောင်းအရာများအပေါ် လေ့လာမှတ်သားရသည့် အချက်များကို အဖွဲ့အလိုက် တစ်ဦးချင်း ပြန်လည်ဆွေးနွေးခဲ့ကြပြီး ဟောပြောဆွေးနွေး ပွဲကို ၁၂း၀၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News