ရဝမ်နှင့် လီဆူဘာသာများသို့ ဘာသာပြန်ဆို ပုံနှိပ်ပြီးဖြစ်သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း

  • News

          မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights, UDHR) အား တိုင်းရင်းသားဘာသာများဖြင့် ဘာသာ ပြန်ဆိုပြီး ပုံနှိပ်ဖြန့်ချိလျက်ရှိပါသည်။ ယခုအခါထပ်မံ၍ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအား လီဆူဘာသာရပ်သို့ လီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် ခရစ်ယာန်ဆီမီးစာပေတို့မှလည်းကောင်း၊ ရဝမ်ဘာသာရပ်သို့ ရဝမ်စာပေကော်မတီမှလည်းကောင်း ပြန်ဆိုခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အတည်ပြုပြီးဖြစ်ပါသည်။ အဆိုပါအတည်ပြုထားသော ဘာသာပြန်စာတမ်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ရန်ပုံငွေဖြင့် ဘာသာတစ်မျိုးလျှင် အုပ်ရေ (၅၀၀၀) စီ ရိုက်နှိပ်ခဲ့ပြီးဖြစ်ပါသည်။

ဘာသာပြန်ဆိုပုံနှိပ်ပြီးဖြစ်သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (လီဆူ) နှင့် ကမ္ဘာ့လူအခွင့်အရေး ကြေညာစာတမ်း(ရဝမ်)များအား သက်ဆိုင်ရာ တိုင်းရင်းသားများသို့ ဝေငှဖြန့်ချိနိုင်ရေး ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ပေးပို့သွားမည်ဖြစ်ပါသည်။

ယနေ့အချိန်ထိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights, UDHR)အား တိုင်းရင်းသား ဘာသာ(၁၄) မျိုးဖြင့် ပုံနှိပ်ဖြန့်ချိပြီးဖြစ်ပါသည်။