ရဲအရာရှိအတတ်သင်ကျောင်းတွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ် ည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) တွင် ဖွင့်လှစ်လျက်ရှိသော အမှုစစ် (အရာရှိ) သင်တန်း၊ အမှတ်စဉ် (၇၃/၂၀၂၂) ၌ ၁--၂၀၂၂ ရက်နေ့ ၁၂:၀ နာရီမှ ၁:၀ နာရီ အချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အကြောင်းသိကောင်းစရာ စသည့် သင်ခန်းစာ ဘာသာရပ်များ ပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်းသင်တန်းသားဦးရေ (၁၄၀) ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က ပြန်လည်ဖြေကြားခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်