ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) ၌ သင်ခန်းစာ သွားရောက်ပို့ချ (၁၇-၉-၂၀၂၆)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည်
ကော်မရှင်ဥပဒေပုဒ်မ ၂၂ အရ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့်
ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည်
လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသောရှေ့လုပ်ငန်းစဉ်မူဘောင်ပါ ပန်းတိုင်၊
ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက်လုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ လုပ်ငန်းများကို
အကောင်အထည်ဖော်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ဒုတိယညွှန်ကြားရေးမှူး
ဒေါ်မိမိခိုင်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
ရဲအရာရှိအတတ်သင်ကျောင်း(မန္တလေး)တွင် ဖွင့်လှစ်လျက်ရှိသော မြို့နယ်ရဲတပ်ဖွဲ့မှူး သင်တန်းအမှတ်စဥ် (၆၇) သို့ ၁၇-၉-၂၀၂၆ ရက်နေ့တွင် ၀၇း၃၀ နာရီမှ ၀၉း၅၀ နာရီ အချိန်အထိ လူ့အခွင့်အရေးအသိပညာပေး ဘာသာရပ်သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် လူ့အခွင့်အရေး အခြေခံအယူအဆများ၊
ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင် ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းဆောင်ရွက်ချက်များ စသည့်
ဘာသာရပ်သင်ခန်းစာများ ပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ
ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်