ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) ၌ သင်ခန်းစာ သွားရောက်ပို့ချ (၇-၈-၂၀၂၆)
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) တွင် ဖွင့်လှစ်လျက်ရှိသော အမှုစစ် (အရာရှိ) သင်တန်းအမှတ်စဥ် (၈၇)
နှင့် မှုခင်း (အရာရှိ) သင်တန်းအမှတ်စဥ်
(၂၁)တို့သို့ ၇-၈-၂၀၂၆ ရက်နေ့တွင် ၀၇း၃၀နာရီမှ ၀၉း၅၀ နာရီအချိန်အထိ လူ့အခွင့်အရေးအသိပညာပေး
ဘာသာရပ် သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းတွင်
လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များစသည့်
ဘာသာရပ်သင်ခန်းစာများ ပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား ၂၄၅ ဦး၊ သင်တန်းသူ ၆၆ ဦး စုစုပေါင်းသင်တန်းသား ၃၁၁ ဦး တက်ရောက်ခဲ့ကြပြီး
သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းကြရာ ညွှန်ကြားရေးမှူး
ဦးဇော်လွင်ထူးက
ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်