ရွှေသံလွင်ဘိုးဘွားရိပ်သာအားကြည့်ရှုစစ်ဆေးခြင်း

  • News

၁။         မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဒေါက်တာသန်းမြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည် ၃-၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရွှေသံလွင်ဘိုးဘွားရိပ်သာအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော  ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ အစားအစာ ကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးမှုအခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များနှင့် အဆောက်အဦများတွင် သက်ကြီးရွယ်အိုများ နေထိုင်မှုအခြေအနေ၊ အဆောက်အဦများအတွင်း အဆင်ပြေလွယ်ကူစွာ လှုပ်ရှားသွားလာနိုင်ရန်နှင့် အပန်းဖြေအနားယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှု ရှိ မရှိ အခြေအနေစသည့် အခြေခံလူ့အခွင့်အရေးများရရှိခြင်း ရှိ မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၃။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရိပ်သာ၌ လက်ခံစောင့်ရှောက်ထားသော အဘိုးအဘွား စုစုပေါင်း ၇၂ ဦးအား နွေးထွေးပျူငှာစွာ အားပေးစကားများ ပြောကြားခဲ့ပါသည်။

၄။      ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ရွှေသံလွင်ဘိုးဘွားရိပ်သာအား ကြည့်ရှုစစ်ဆေးရေး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေး နိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ပါသည်။

 

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊  ဖေဖော်ဝါရီလ ၃   ရက်

Recent News