လစာနည်းဝန်ထမ်းများအား အခြေခံစားကုန်ထောက်ပံ့ခြင်း

  • News

၁။       ၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်နေ့လည် ၁ နာရီ အချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လစာနည်းဝန်ထမ်းများအား အခြေခံ စားကုန်ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားပြုလုပ်ခဲ့ပါသည်။

၂။       အခမ်းအနားသို့ ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနတာဝန်ခံများနှင့် ကော်မရှင်ရုံးဝန်ထမ်း များတက်ရောက်ကြပါသည်။

၃။       ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကော်မရှင်ရုံးရှိ လစာနည်းဝန်ထမ်း (၇၂) ဦးအတွက် ဌာနအသီးသီးက ကိုယ်စားလှယ် (၆) ဦးအား ဝန်ထမ်းတစ်ဦးလျှင် ကျပ် ၁၈၁၂၅/- ကျပ် တန်ဖိုးရှိ ဆန်၊ ဆီ၊ ကြက်သွန်၊ ပဲ၊ ကြက်ဥ များ စုစုပေါင်းတန်ဖိုး ၁၃၀၅၀၀၀ (တစ်ဆယ့်သုံးသိန်းငါးထောင်) ကျပ်ကို ထောက်ပံ့ပေးခဲ့အပ်ပါသည်။

၄။        ကော်မရှင်ဥက္ကဋ္ဌက ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

                                                                                                                                                  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News