လူနည်းစုအခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်း၍ လူနည်းစု အခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေပြည်တော်ရှိ Grand Amara Hotel တွင် ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ Mr. Andrew MacGregor တို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။

    အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ အစိုးရဌာနများမှ ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ၊ ဂျီနီဗာနှင့် ဗန်ကောက်မြို့တို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

Recent News