လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြုလုပ်ခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ဆွီဒင်နိုင်ငံအခြေစိုက် Raoul Wallenberg Institute (RWI) ၏ရန်ပုံငွေထောက်ပံ့မှုဖြင့် ရပ်ရွာလူထုအခြေပြု လူမှု့အသိုင်း အဝန်းအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၆-၆-၂၀၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် များဖြစ်သော ဦးခင်မောင်လေးနှင့် ဦးစိုးဘုန်းမြင့်တို့က လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ များကို ဦးဆောင်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင် များ၊ NGOCSO များမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

၂။      အလားတူ အလုပ်ရုံဆွေးနွေးပွဲကို ၂၉-၆-၂၀၁၅ ရက်​​နေ့တွင် လှိုင်သာယာမြို့နယ်၊ သောင်ကြီးဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင် များ ဖြစ်ကြသော ဦးဇော်ဝင်း၊ ဦးခင်မောင်လေး နှင့် Equality Myanmar မှ ဦးအောင်မျိုးမင်းတို့ က ဦးဆောင်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များ၊ NGOCSO များမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

Recent News