လူ့အခွင့်အရေးအကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း

  • News

၁။    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတများနှင့် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူအများ သိရှိနားလည် လိုက်နာစေရန် ရည်ရွယ်ချက်ဖြင့် လူ့အခွင့်အရေး အကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိပါသည်။

၂။       ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့ ပါဝင်သော ကော်မရှင်အဖွဲ့သည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်းအင်အား (၂၆၉) ဦး တက်ရောက်ခဲ့ကြပါသည်။ အလားတူ ဆွေးနွေးပွဲများကို နို၀င်ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့၌ ကျင်းပခဲ့ရာ စုစုပေါင်းအင်အား (၁၂၀) ဦး၊ နေ့လယ်ပိုင်းတွင် ပျော်ဘွယ်မြို့၌ ကျင်းပခဲ့ရာ စုစုပေါင်းအင်အား (၂၀၇) ဦး၊ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် သာစည်မြို့၌ ကျင်းပခဲ့ရာ စုစုပေါင်းအင်အား (၃၄၉) ဦး တက်ရောက်ခဲ့ကြပါသည်။

၃။    အဆိုပါ အခမ်းအနားများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံအနှစ်သာရများနှင့် ကော်မရှင်ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေး လူ့အခွင့်အရေး သမိုင်းကြောင်းနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပါသည်။ ကော်မရှင်အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း (၇၈) မြို့နယ်တွင် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

Recent News