လူ့အခွင့်အရေးအခြေခံသင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်လှစ်ခြင်း

  • News

လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိနားလည်လာပြီး လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များအပေါ် လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန်နှင့် နိုင်ငံသားတိုင်း လူ့အခွင့်အရေးများကို လေးစားလိုက်နာကျင့်သုံးခြင်းဖြင့် လူ့အခွင့်အရေးစံနှုန်းများမြင့်မားသော လူ့ဘောင်ပေါ်ထွန်းရေးကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး အခြေခံသင်တန်းအမှတ်စဉ် (၂) ကို ကော်မရှင်ရုံးတည်ရှိရာ အမှတ်(၂၇)၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ၂၅-၃-၂၀၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။ သင်တန်းကာလမှာ ၂ပတ် ကြာမြင့်မည်ဖြစ်ပြီး ၈-၄-၂၀၁၉ ရက်နေ့ထိ လူ့အခွင့်အရေးကို စိတ်ဝင်စားသော ပြည်သူများအတွက် သင်တန်းပို့ချသွားမည်ဖြစ်ပါသည်။ သင်တန်းတွင် လူ့အခွင့်အရေး အခြေခံအနှစ်သာရနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအပါအဝင် စုစုပေါင်းဘာသာရပ် ၁၈ ခု ကို ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်ရှင်ရုံးမှ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ဘာသာရပ်ကျွမ်းကျင်သူတို့က ပို့ချသွားမည်ဖြစ်ပါ သည်။ သင်တန်းသို့  သင်တန်းသား  (၂၇) ဦး၊ သင်တန်းသူ (၂၄) ဦးတို့မှ တက်ရောက်လျက်ရှိပြီး  သင်တန်းကြေးမှာ အခမဲ့ဖြစ်ပါသည်။

 

Recent News