လူ့အခွင့်အရေးအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ခန္တီး)၊ ကျန်စစ်သားခန်းမတွင် လူ့အခွင့်အရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခန္တီးခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေတပ်ရင်း တပ်ဖွဲ့များမှတပ်မတော်သားအရာရှိ/ စစ်သည်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။

Recent News