လူ့အခွင့်အရေး ကလေးကဗျာ ပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

  • News

၁။      ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့လူ့အခွင့်အရေးနေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသော ကလေးသူငယ်များ ဖြစ်ပေါ်လာစေရေးကို ရည်ရွယ်လျက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးနှင့် သက်ဆိုင်သော ကလေးကဗျာပြိုင်ပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ ဆုရရှိသူများကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကြေညာမည်ဖြစ်ပြီး ကမ္ဘာ့လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ထိုက်တန်စွာ ဂုဏ်ပြုသွားမည် ဖြစ်ပါသည်။

၂။      ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များကို ကြေညက်စွာဖတ်ရှု၍ အောက်ပါစည်းကမ်းချက်နှင့်အညီ ပေးပို့ယှဉ်ပြိုင်နိုင်ပါသည်-

(က)    မည်သည့် စာရွက်နှင့်မဆို ရေးသားနိုင်ပြီး စာမျက်နှာတစ်ဖက်တည်းတွင်သာ ရေးသားရပါမည်။

(ခ)     ပြင်ရာ၊ ဖျက်ရာ ကင်းရှင်းသောလက်ရေး သို့မဟုတ် ကွန်ပျူတာစာစီဖြစ်ရမည်။

(ဂ)     စာကြောင်းရေ အများဆုံး ၁၅ ကြောင်းအထိရေးသားနိုင်ပါသည်။

(ဃ)    ကလေးကဗျာ ပုံစံကျနရမည်။

(င)     ပင်ကိုယ်ရေးဖြစ်ပြီး ကိုယ်တိုင်ရေးဖြစ်ကြောင်း ဝန်ခံချက်နှင့်အတူ ကလောင်အမည်၊ အမည်ရင်း၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ မိဘအမည်၊ ပညာအရည်အချင်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်စသည်တို့ကို ပြည့်စုံစွာ ဖော်ပြပေးရမည်။

(စ)     စာမူများကို ၃၁-၁၀-၂၀၁၆ ရက်နေ့၊ ညနေ ၄:၃၀  နာရီ နောက်ဆုံးထား၍ အောက်ပါလိပ်စာသို့  ပေးပို့နိုင်ပါသည်။

(ဆ)    အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။

Recent News