လူ့အခွင့်အရေး ရုပ်သံဇာတ်လမ်းပြသနိုင်ရေးအတွက် မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေး ဆိုင်ရာ အသိပညာပြန့်ပွားရေးအတွက် လူ့အခွင့်အရေးဆိုင်ရာ ရုပ်သံဇာတ်လမ်းတို တစ်ခုကို ရိုက်ကူးခဲ့ပါသည်။ အဆိုပါ ဇာတ်လမ်းအား ပြည်တွင်းရုပ်သံလိုင်းများတွင် ပြသနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ကော်မရှင် အစည်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး ကော်မရှင် ရုံးအဖွဲ့မှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် လေ့ကျင့် ပညာပေးရေး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ ​​​ ရွှေသံလွင်ကုမ္ပဏီ ၊ Forever Media Group တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

Recent News