လူ့အခွင့်အရေးဟောပြောပွဲ ကျင်းပခြင်း

  • News

    လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် ဟောပြောပွဲကို မွန်ပြည်နယ်ရှိ သထုံမြို့၊ မော်လမြိုင်မြို့ နှင့် ကျိုက်မရောမြို့တို့တွင် လည်းကောင်း၊ ကရင်ပြည်နယ်ရှိ ဖားအံမြို့ တွင် လည်းကောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ဖြစ်သည့် ဦးညွှန့်ဆွေ၊ ဒေါက်တာဉာဏ်ဇော်နှင့် ဦးခွထီးယိုး တို့က ဟောပြောပို့ချကြပါသည်။

    ဟောပြောပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များ၊ အစိုးရပိုင်းမှ ပုဂ္ဂိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြပြီး ဟောပြောပွဲတွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ အမျိုးသား လူ့အခွင့် အရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တိုင်တန်းချက်များအပေါ် ကိုင်တွယ်ဆောင် ရွက်ပုံတို့နှင့် စပ်လျဉ်း၍ ဟောပြောကြပါသည်။

Recent News