ဝန်ထမ်းများ၏ တာဝန်၊ အခွင့်အရေးနှင့် စည်းကမ်းများအကြောင်းသင်ကြားပို့ချခြင်း

  • News

၁။       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲတို့ရှိ အကြီးတန်းစာရေး နှင့် အငယ်တန်းစာရေးများကို ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးမှ ဝန်ထမ်း၏ တာဝန်၊ အခွင့်အရေး နှင့် စည်းကမ်းများဆိုင်ရာတို့အား သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ ၂၃-၁၁-၂၀၂၁ ရက် (အင်္ဂါနေ့) တွင် (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာလျက် သင်တန်းပို့ချခဲ့ပါသည်။

၂။        ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲတို့ရှိ အကြီးတန်းစာရေးနှင့် အငယ်တန်းစာရေးများအနက် ခွင့်ခံစား သူများမှအပ သင်တန်းသား၊ သင်တန်းသူ (၂၆) ဦးသည် အဆိုပါသင်တန်းသို့ တက်ရောက်ခဲ့ကြပြီး တာဝန်၊ အခွင့်အရေးနှင့် စည်းကမ်းများဆိုင်ရာတို့အား သင်ကြားမှုခံယူ၍ ပြန်လည်ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။

                                                                                                                                                         မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

Recent News