ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်း (မန္တလေး) ၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချ
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ကော်မရှင်ပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ
အများပြည်သူ၏လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့်
အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း
(၇၅) နှစ်မြောက် အခါ သမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေးလုပ်ငန်းများကိုလည်း
အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်မိမိခိုင်သည် ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်း
(မန္တလေး) ၌ ဖွင့်လှစ်လျက်ရှိသည့် လက်ထောက်ကြီးကြပ်ရေးမှူး-၁
သင်တန်းအမှတ်စဉ် (၁၇) ၌ ၂၂-၃-၂၀၂၃ ရက်နေ့ မွန်းလွဲ
၁၂:၀၀ နာရီမှ ၁၆:၀၀ နာရီအချိန်တွင် လူ့အခွင့်အရေးဆိုင်ရာ
သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူး
ဒေါ်မိမိခိုင်က လူ့အခွင့်အရေး အခြေခံအယူအဆများ၊
ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းနှင့် မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များစသည့် သင်ခန်းစာများကို ပို့ချခဲ့ပါသည်။
သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၁၄၉) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို
မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

