သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် သင်ခန်းစာသွားရောက်ပို့ချ (ရန်ကုန်၊ ဒီဇင်ဘာလ ၂ ရက်)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေ ပုဒ်မ ၂၂
(က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာ မြင့်မားလာစေရေးအတွက်
သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊
လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်သည် လူမှုဝန်ထမ်းဦးစီးဌာန၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (မရမ်းကုန်း) တွင် ဖွင့်လှစ်လျက်ရှိသည့် “သက်ကြီးရွယ်အိုများအတွက်ပြုစုစောင့်ရှောက်သူ
(Caregiver) သင်တန်းအမှတ်စဥ်
(၁၆)” သို့ ၂-၁၂-၂၀၂၄ ရက်နေ့၊ ၀၉း၀၀ နာရီ မှ ၁၂း၀၀ နာရီအချိန်ထိ
လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများသွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လူ့အခွင့်အရေး
အခြေခံအယူအဆများအကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းနှင့်
သက်ကြီး ပုဂ္ဂိုလ်များဆိုင်ရာအခွင့်အရေးတို့ကို ဆွေးနွေးပို့ချခဲ့ပါသည်။
သင်တန်းတွင် စုစုပေါင်း သင်တန်းသား ဦးရေ (၁၈) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော
သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ လက်ထောက်ညွှန်ကြားရေးမှူး
ဦးကောင်းခန့်ဇင်က ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်