သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (မရမ်းကုန်း) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချ (၁၇-၇-၂၀၂၃)

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ကော်မရှင်ပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်
    မြှင့်တင်ဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အ‌ရေးကြေညာစာတမ်း (၇၅) နှစ်မြောက် အခါသမယတွင် လူ့အခွင့်အရေးမြှင့်တင်ပညာ‌ပေးရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်သည် မရမ်းကုန်းမြို့နယ်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် ဖွင့်လှစ်လျက်ရှိသော သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Care giver) သင်တန်းအပတ်စဉ် (၁၄) ၌ ၁၇-၇-၂၀၂၃ ရက်နေ့ နံနက် ၀၉:၀၀ နာရီမှ  နေ့လည် ၁၂:၀၀ နာရီ အချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လူ့အခွင့်အရေးအခြေခံအယူအဆ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းနှင့် သက်ကြီးရွယ်အိုအခွင့်အရေးများ စသည့်သင်ခန်းစာများ ပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်းသင်တန်း သားဦးရေ (၁၉) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာဒုတိယညွှန်ကြားရေးမှူးဒေါ်မိမိခိုင်ကပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News