သတင်းမီဒီယာကောင်စီသို့ ဝမ်းမြောက် ဂုဏ်ယူကြောင်း အကြောင်းကြားခြင်း

  • News

၁။      သတင်းမီဒီယာကောင်စီဝင် ၂၄ ဦးအနက်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များ ရွေးချယ်တင်မြှောက်ပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်လေး (ဖိုးသောကြာ)၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဦးဖေမြင့်၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဒေါက်တာ မျိုးသန့်တင်၊ အတွင်းရေးမှူးအဖြစ် ဦးသီဟစော၊ အတွင်းရေးမှူး (၁) အဖြစ် ဒေါ်သင်းသင်းသာ၊ အတွင်းရေးမှူး (၂) အဖြစ် ဦးကျော်စွာမင်း၊ စာရင်းစစ်အဖြစ် ဒေါက်တာ မောင်မောင်စံနှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးမင်းဟန်တို့ကို သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

၂။      သတင်းမီဒီယာကောင်စီ၏ ဦးဆောင်ကြိုးပမ်းမှုဖြင့် စတုတ္ထမဏ္ဍိုင် ပိုမိုအားကောင်းခိုင်မာ လာမည်ဟု ယုံကြည်မျှော်လင့်သည့်အပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်မြှင့်တင်မှု၊ ကာကွယ်စောင့်ရှောက်မှုတို့တွင် အဓိက အားထားရသော အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်ဟု ယုံကြည်ပါသဖြင့် ယခုကဲ့သို့ အောင်မြင်စွာ ရွေးချယ်တင်မြှောက်ခဲ့ခြင်းကိုလည်းကောင်း၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ အပါအဝင် မီဒီယာကဏ္ဍအတွက် အရေးပါသော ပုဂ္ဂိုလ်များအဖြစ် ရွေးချယ် ခြင်းခံခဲ့ကြရသော ပုဂ္ဂိုလ်များ အားလုံးကိုလည်းကောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြအပ်ပါသည်။

Recent News