သာယာဝတီ အကျဉ်းထောင်များနှင့် အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်
ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
၇-၂-၂၀၁၉ ရက်နေ့နှင့် ၈-၂-၂၀၁၉ ရက်နေ့များတွင် သာယာဝတီမြို့မရဲစခန်း၊ တရားရုံး
အချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးခြင်း၊ အကျဉ်းဦးစီးဌာနအောက်ရှိ သာယာဝတီဗဟိုအကျဉ်းထောင်ကိုဝင်ရောက်၍ အကျဉ်းသား၊ အချုပ်သားများ၊ အိပ်ဆောင်များ၊
စားဖိုကြီး၊ ထောင်တွင်းဆေးခန်း၊ အသက်မွေးမှု အတက်သင်ကျောင်းတို့ကိုလည်းကောင်း
ကြည့်ရှုစစ်ဆေးပြီး တစ်ဦးချင်းတွေ့ဆုံလိုသူ အကျဉ်းသား၊ အကျဉ်းသူ ၁၆၅ ဦးအား
တစ်ဦးချင်းဖြင့် ၂ ရက်တွေ့ဆုံမေးမြန်းမှတ်တမ်းတင်ခြင်း၊ အချုပ်သား၊ အကျဉ်းသားများ
နှင့် အဖွဲ့လိုက် ၃၄ နေရာခွဲ၍တွေ့ဆုံပြီး အခက်အခဲများမေးမြန်းခြင်း၊
လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ရှိမရှိ မေးမြန်းစုံစမ်းခြင်း၊ တရားစာအုပ်များ၊
ဗလာစာအုပ်များ၊ သတင်းစာများ လှူဒါန်းခြင်းတို့ကိုဆောင်ရွက်ပြီး
ပြုပြင်ရန်ရှိသည်များအား တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။