သြစတြေးလျနိုင်ငံ၊ Monash University မှ ကျောင်းသားကျောင်းသူများ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ လေ့လာရေးခရီးလာရောက်ခြင်း

  • News

သြစတြေးလျနိုင်ငံ၊ Monash University မှ ပြစ်မှုဗေဒဘာသာရပ်ဆိုင်ရာ Senior Lecturer ဖြစ်သူ Dr. Lennon Yao-Chung Chang ဦးဆောင်သော ကျောင်းသားကျောင်းသူ (၂၀) ဦးသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ (၀၉:၀၀) နာရီမှ (၁၁:၀၀) နာရီအထိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ လာရောက်လေ့လာခဲ့ရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့က တွေ့ဆုံကြိုဆိုခဲ့ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေနှင့် ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် လူ့အခွင့်အရေးကာကွယ်ရေး ဆောင်ရွက်ချက်များကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်က Criminal Practices in Myanmar နှင့် စပ်လျဉ်း၍လည်းကောင်း Monash University မှ ကျောင်းသား ကျောင်းသူများအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် Monash University  မှ ကျောင်းသားကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

Recent News