အကျဉ်းထောင်များနှင့် အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၃-၁-၂၀၁၉ ရက်နေ့တွင် မြင်းခြံမြို့ပေါ်ရှိ မြို့မရဲစခန်း၊ တရားရုံး အချုပ်ခန်းများကိုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ အကျဉ်းဦးစီးဌာနအောက်ရှိ မြင်းခြံ အကျဉ်းထောင်ကို ဝင်ရောက်ပြီး အကျဉ်းသား အိပ်ဆောင်များ၊ စားဖိုကြီး၊ စာကြည့်တိုက်၊ ထောင်တွင်းဆေးရုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အကျဉ်းသား၊ အချုပ်သားများကို အုပ်စု ၆ စုခွဲ၍ တွေ့ဆုံစစ်ဆေးမေးမြန်းခဲ့ရာ ယခင် ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ဇန်နဝါရီလများက ကြည့်ရှုစစ်ဆေးစဉ်ကထက် ပိုမိုတိုးတက် ကောင်းမွန်လာသည်ကို တွေ့ရှိရပါသည်။  ဆက်လက်၍ ၂၄-၁-၂၀၁၉ ရက်နေ့တွင် ညောင်ဦး အကျဉ်းထောင်၊ မြို့မရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး အချုပ်သား၊ အကျဉ်းသားများနှင့် အဖွဲ့လိုက် တွေ့ဆုံ၍ အခက်အခဲများ မေးမြန်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ရှိမရှိ မေးမြန်းစုံစမ်းခြင်း၊ အကျဉ်းသားများအတွက် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေများ၊ တရားစာအုပ်များ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပြီး ဝန်ထမ်းများတွေ့ဆုံကာ လိုအပ်ချက်နှင့် အခက်အခဲများ မေးမြန်းခြင်း၊  လူ့အခွင့်အရေး ချိုးဖောက်မှု မဖြစ်ဘဲ တာဝန်ထမ်း ဆောင်ကြရေး တာဝန်ရှိသူများကို မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။