အကျဉ်းထောင်များ၊ အချုပ်ထောင်၊ ကုန်ထုတ်စခန်းများနှင့် အချုပ်ခန်းများ ကြည့်ရှုစစ်ဆေးခြင်း

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၄-၃-၂၀၁၉ ရက်နေ့တွင် အကျဉ်းဦးစီးဌာနအောက်ရှိ မုပ္ပလင် (ကျား) ကုန်ထုတ်စခန်းကိုလည်းကောင်း၊ ၅-၃-၂၀၁၉ ရက်နေ့ နှင့် ၆-၃-၂၀၁၉ ရက်နေ့များတွင် ၄ မိုင် ကုန်ထုတ်စခန်း၊ တောင်ငူ အကျဉ်းထောင်နှင့်တောင်ငူမြို့ရှိ ရဲစခန်းအချုပ်ခန်းများ၊ တရားရုံးအချုပ်ခန်းများကိုလည်းကောင်း၊ ၇-၃-၂၀၁၉ ရက်နေ့တွင် ရမည်းသင်းအကျဉ်းထောင်း၊ ရမည်းသင်းမြို့ရှိ ရဲစခန်း အချုပ်ခန်း၊ တရားရုံးအချုပ်ခန်းနှင့် ဆေးရုံအချုပ်ခန်းတို့ကိုလည်းကောင်း ၈-၃-၂၀၁၉ ရက်နေ့တွင် နေပြည်တော်အချုပ်ထောင်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အကျဉ်းသား၊ အချုပ်သားများ၊ အိပ်ဆောင်များ၊ စားဖိုကြီး၊ ထောင်တွင်းဆေးခန်း တို့ကိုလည်းကောင်း၊ ကြည့်ရှုစစ်ဆေးပြီး တစ်ဦးချင်းတွေ့ဆုံလိုသူ အကျဉ်းသား၊အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူတို့အား တစ်ဦးချင်းတွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခြင်း၊ အချုပ်သား၊ အကျဉ်းသားများ နှင့် အဖွဲ့လိုက်နေရာခွဲ၍ တွေ့ဆုံပြီး အခက်အခဲများမေးမြန်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ရှိမရှိ မေးမြန်းစုံစမ်းခြင်း၊ တရားဓမ္မစာအုပ်များ၊ ဗလာစာအုပ်များ၊ သတင်းစာများလှူဒါန်းခြင်းတို့ကိုဆောင်ရွက်ပြီး ပြုပြင်ရန်ရှိသည်များအား တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။ တောင်ငူ အကျဉ်းထောင်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အကျဉ်းသား၊ အချုပ်သား ၄ ဦးကို တွေ့ဆုံအားပေးခြင်း၊ စာမေးပွဲဖြေဆိုမည့်အခန်းကို ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Recent News