အကျဉ်းဦးစီးဌာန၊ (နေပြည်တော်) ၌ သင်ခန်းစာသွားရောက်ပို့ချ (ရန်ကုန်၊ အောက်တိုဘာလ ၂၂ ရက်)

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်း စီမံချက်ကို ရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်သည် အကျဉ်းဦးစီးဌာန၊ နေပြည်တော်၌ ဖွင့်လှစ်လျက်ရှိသော ထောင်တာဝန်ခံအရာရှိ သင်တန်းအမှတ်စဉ်  (၂၀) သို့ ၂၂-၁၀-၂၀၂၅ ရက်နေ့တွင် ၁၂း၀၀ နာရီအချိန်မှ ၁၆း၀၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် လူ့အခွင့်အရေးအခြေခံ အယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များစသည့် သင်ခန်းစာများပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား ၁၄  ဦး၊ သင်တန်းသူ ၃  ဦး၊ စုစုပေါင်း သင်တန်းသား ၁၇ ဦး တက်ရောက် ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်မှ ပြန်လည်ဖြေကြားခဲ့ပါသည်။        
                             
                                            

        မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News