အကျဉ်းဦးစီးဌာန၊ ရုံးအမှတ် (၄၉) နေပြည်တော်၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင် နှင့် ဦးစီးအရာရှိ
ဦးကောင်းခန့်ဇင်တို့သည် အကျဉ်းဦးစီးဌာန၊ ရုံးအမှတ် (၄၉) နေပြည်တော်တွင် ဖွင့်လှစ်လျက်ရှိသော ဒုတိယကြီးကြပ်ရေးမှူးသင်တန်းအမှတ်စဉ်
(၁၃) ၌ ၂-၁၁-၂၀၂၂ ရက်နေ့ မွန်းလွဲ ၁၂:၀၀ နာရီမှ ၁၆:၀၀
နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက် ပို့ချခဲ့ပါသည်။
သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်နှင့် ဦးစီးအရာရှိ ဦးကောင်းခန့်ဇင် တို့က
လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ စသည့် သင်ခန်းစာများကို ပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်



