အခြေခံပညာသင်ရိုးညွှန်တမ်းရေးဆွဲရာတွင် လူ့အခွင့်အရေးနှင့် ယှဉ်တွဲသုံးသပ်ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

  • News

    အခြေခံပညာသင်ရိုးညွှန်တမ်းရေးဆွဲရာတွင် လူ့အခွင့်အရေးနှင့် ယှဉ်တွဲသုံးသပ်ရေးဆွဲနိုင်ရေးအတွက် မြန်​မာနိုင်​ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်ရိုးညွှန်းတမ်းရေးဆွဲရေး ကော်မတီအဖွဲ့ဝင်များ၊ သင်ရိုးအဖွဲ့များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်ပါသည်။

    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်၊ ဦးခင်မောင်လေး၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် ပညာရေးဝန်ကြီးဌာန သင်ရိုးရေးဆွဲရေးကော်မတီနှင့် အဖွဲ့များမှ ပါမောက္ခများ နှင့် ဆရာ၊ ဆရာမ ၁၀ဝ ဦးတို့ တက်ရောက်ကြပါသည်။

 

Recent News