အခြေခံပညာသင်ရိုးညွှန်းတမ်းတွင် လူ့အခွင့်အရေးဘာသာရပ် ထည့်သွင်းပို့ချနိုင်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

  • News

၁။   မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် အခြေခံပညာသင်ရိုးညွှန်းတမ်းတွင် လူ့အခွင့်အရေးဘာသာရပ်ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ လူ့အခွင့်အရေးဘာသာရပ်တွင် ပါရှိရမည့် အချက်အလက်များတွင် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ အကြံဉာဏ်များရယူနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။      အဆိုပါ အစည်းအဝေးသို့ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်၊ ဒေါက်တာမြင့်ကြည်၊ ဒေါက်တာဒေါ်သန်းနွဲ့၊ ကော်မရှင်ရုံး ခေတ္တညွှန်ကြား ရေးမှူးချုပ် ဦးဘုန်းကြွယ်၊လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် လေ့ကျင့်ပညာပေးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုး (ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ အရာရှိ)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝတ်ရည်ဝင်း (မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာအရာရှိ)၊ မြန်မာနိုင်ငံ စိတ်ပညာရှင်များအသင်းနာယက ဒေါက်တာ ဦးခင်မြင့်၊ Save the Children (Myanmar)World Vision (Myanmar)NGOs Child Rights Working GroupChild Focal NetworkMyanmar Education Consortium နှင့် Hope for Shinning Stars တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဒုတိယတန်း လူ့အခွင့်အရေး သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Recent News