အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကထုတ်ဝေသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်၊ စာအုပ်စာတမ်းများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ လှူဒါန်းခြင်း

  • News

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကထုတ်ဝေသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်၊ စာအုပ်စာတမ်းများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ လှူဒါန်းပေးအပ်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် ရုံးအမှတ် (၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်နှင့် ရုံးဝန်ထမ်းများတက်ရောက်ကြသည်။

၂။ လှူဒါန်းပေးအပ်ပွဲတွင်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ရည်ညွှန်းစာစောင်စာအုပ်စာတမ်းများ ပေးအပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။

၃။     ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ဝေသည့် စာအုပ်စာတမ်းများကို လွှဲပြောင်းပေးအပ်ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကထုတ်ဝေသည့် လူ့အခွင့်အရေးဆိုင်ရာစာအုပ်စာတမ်းများကို ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်ကပြန်လည်ပေးအပ်ပြီး ကော်မရှင်အဖွဲ့ဝင်ဒေါက်တာသန်းမြင့်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။