အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဂုဏ်ပြုကြိုဆိုခြင်းအထိမ်းအမှတ် ဟောပြောပွဲ အခမ်းအနားကျင်းပ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာနမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” အား ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး Conference Room တွင် ၂-၁၂-၂၀၂၂ ရက်နေ့ ၁၃း၀၀ နာရီ အချိန်မှ ၁၄း၀၀ နာရီအချိန်အထိ Hybrid System ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်နှင့် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်း၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ကော်မရှင်ရုံး၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာနမှ ဦးစီးအရာရှိ (Disabled Desk) ဒေါ်ဇင်မင်းသက်လွင်က မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ကဏ္ဍအလိုက် ဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြော ဆွေးနွေးမှုအပေါ် ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးမှ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Recent News