အမေ့မေတ္တာသက်ကြွယ်ရိပ်မွန်ဘိုးဘွားရိပ်သာအားကြည့်ရှုစစ်ဆေးခြင်း (၁၂-၁-၂၀၂၄)

  • News

၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဒေါက်တာသန်းမြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၂-၁-၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ အမေ့မေတ္တာသက်ကြွယ်ရိပ်မွန်ဘိုးဘွားရိပ်သာအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အမေ့မေတ္တာသက်ကြွယ်ရိပ်မွန်ဘိုးဘွားရိပ်သာ၌ လက်ခံ စောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာကျွေးမွေးမှု အခြေအနေ၊ သန့်ရှင်းသောသောက်သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးမှု အခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များနှင့် အဆောက်အဦများတွင် သက်ကြီးရွယ်အိုများ နေထိုင်မှုအခြေအနေ၊ အဆောက်အဦများအတွင်း အဆင်ပြေလွယ်ကူစွာ လှုပ်ရှားသွားလာနိုင်ရန်နှင့် အပန်းဖြေ အနားယူနိုင်ရန် နေရာစီစဉ် ဆောင်ရွက်ထားမှု ရှိ မရှိ အခြေအနေစသည့် အခြေခံလူ့အခွင့်အရေးများရရှိခြင်း ရှိ မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၃။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရိပ်သာ၌ လက်ခံစောင့်ရှောက်ထားသော အဘိုးအဘွားတို့အား နွေးထွေးပျူငှာစွာ အားပေးစကားများ ပြောကြားခဲ့ပါသည်။

၄။ ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ အမေ့မေတ္တာသက်ကြွယ်ရိပ်မွန်ဘိုးဘွားရိပ်သာအား ကြည့်ရှုစစ်ဆေးရေး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ပါသည်။ 

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News