အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန (တွံတေး) အား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုး၊ ဦးတင်အောင်နှင့် ဦးသန်းဝင်းတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၉-၁၁-၂၀၂၄ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနအတွင်း လက်ခံစောင့်ရှောက်သင်ကြားပေးလျက်ရှိသော အမျိုးသမီးများအား ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ အစားအစာကျွေးမွေးမှုအခြေအနေ၊ အိပ်ဆောင်များထားရှိမှုအခြေအနေ၊ အမျိုးသမီးတကိုယ်ရည်သုံးပစ္စည်းများ လုံလောက်စွာရရှိမှု အခြေအနေ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိအောင် ဆောင်ရွက်‌ပေးမှုအခြေအနေ၊ ချိုးရေကန်များ သန့်ရှင်းမှုနှင့် ရေလုံလောက်မှု ရှိ မရှိ၊ အကျင့်စာရိတ္တပြုပြင်ပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရေး၊ လူမှုဘဝရပ်တည်နိုင်စေရန် စိတ်ဓာတ်ခွန်အားများ ထည့်သွင်းပေါင်းစပ်၍ လေ့ကျင့်ပြုစုစောင့်ရှောက်ပေးခြင်းဖြင့် လူ့အသိုင်းအဝိုင်းအတွင်း တန်ဖိုးရှိသော အမျိုးသမီးများအဖြစ် ရပ်တည်နေထိုင်သွားနိုင်စေရေး၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်၊ ဘဝလုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခွင့်၊ စာတတ်မြောက်မှု မရှိသူများအတွက် အခြေခံ အရေး၊ အဖတ်၊ အတွက် သင်ကြားပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် လူမှုဘဝရပ်တည်နိုင်စေရန် စိတ်ဓာတ်ခွန်အားများ ထည့်သွင်းပေါင်းစပ်၍ လက်ခံစောင့်ရှောက် ဆောင်ရွက်ပေးခြင်းစသည့် အခြေခံ လူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်‌ပေးမှု အခြေအနေတို့နှင့် ကော်မရှင်မှ ယခင် လာရောက်စစ်ဆေးခဲ့စဉ်က အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၃။      ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလိုဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ‌ပေးပို့သွားမည် ဖြစ်ပါသည်။

 

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News