အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်၊ ၁၃၂၅ အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေး ပွဲကျင်းပ
မြန်မာနိုင်ငံ
အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂအဖွဲ့အစည်း တစ်ခု ဖြစ်သော UN
Women တို့ ပူးတွဲ၍ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့်
လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ်၊ ၁၃၂၅
အကောင်အထည် ဖော်ရေးနှင့်ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်၊
စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hotel Amara ၌ကျင်းပရာ မြန်မာနိုင်ငံ အမျိုသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ ဌနှင့်
အဖွဲ့ဝင်များ၊ UN Women မှ တာဝန်ရှိပုဂ္ဂိုလ်များ၊
ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ လွှတ်တော်၊ ဝန်ကြီး ဌာနများနှင့် မြန်မာနိုင်ငံ
ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) တို့မှ
ဖိတ်ကြားထားသော တာဝန်ရှိသူများ စုစုပေါင်း(၃၈)ဦး တက်ရောက်ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင်
နိုင်ငံတော်သမ္မတရုံးဝန်ကြီးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက အဖွင့်မိန့်ခွန်း ပြောကြား ပါသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက
အဖွင့်အမှာစကား ပြောကြားပါသည်။ ယင်းနောက် UN Women မှ Head
of UN Women, Myanmar ဖြစ်သူ Dr Jean D Cunha က
အမှာစကား ပြောကြားပါသည်။
အဆိုပါ
အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် မှ ၂၄ ရက် အထိ နှစ်ရက်ကြာ
ကျင်းပခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ကြေညာချက် (Outcome Statement) တစ်ရပ်
ထုတ်ပြန်နိုင်ခဲ့ ပါသည်။