အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း(ရန်ကုန်)အား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။         မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့် နှင့် ဒေါက်တာမြင့်သူမြိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ ၁၅-၆-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက် လမ်းသွယ်ရှိ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းအတွင်း လက်ခံစောင့်ရှောက် သင်ကြားပေးလျက်ရှိသော သင်တန်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာကျွေးမွေးမှုအခြေအနေ၊ အိပ်ဆောင်များထားရှိမှုအခြေအနေ၊ နိုင်ငံသား စိစစ်ရေးကဒ် ရရှိမှုအခြေအနေ၊ သန့်ရှင်းသောသောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပညာသင်ကြားခွင့်၊ မိသားစုနှင့်ဆက်သွယ်ခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခွင့်၊ အသက်မွေးဝမ်း‌‌ကျောင်းပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် စသည့်အခြေခံ လူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၃။      ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းအား ကြည့်ရှုစစ်ဆေးရေးခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့်အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ပါသည်။ 

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News