အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အကြိုညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်း
Grass Root Level ရှိပြည်သူများအား လူ့အခွင့်အရေး အသိပညာဗဟုသုတများ မြှင့်တင်ရေး
ဟောပြောပွဲများ ၂၀၁၅ခုနှစ်အတွင်း အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် မှဦးစီးပြီး အရပ်ဘက်
လူမှုအဖွဲ့အစည်းများ နှင့် အကြိုညှိနှိုင်း အစည်းအဝေးကို ကော်မရှင်
အစည်းအဝေးခန်းမ၌ ၂၈.၁.၂၀၁၅ရက်နေ့တွင် ပြုလုပ်ရာ မြန်မာနိုင်ငံ
အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဒေါက်တာဒေါ်အေးမြတ်လွင် နှင့် ဒေါ်ကြည်ကြည်မြ၊ Equality
Myanmar မှ ဦးအောင်မျိုးမင်း၊ Myanmar NGOs Network မှ ဦးကျော်သန်းထွန်းတို့ တက်ရောက်ခဲ့ကြပြီး မြို့နယ်များတွင် ဟောပြောပွဲ
ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဘာသာရပ်များ ရွေးချယ်လျာထားခြင်း၊
အလုပ်ရုံဆွေးနွေးပွဲ ပုံစံညှိနှိုင်းခြင်း ကိစ္စရပ်များအား အကြိုညှိနှိုင်း
ဆွေးနွေးခဲ့ကြပါသည်။ ထပ်မံညှိနှိုင်းမည့်ဆွေးနွေးပွဲအား ၂၀၁၅ ခုနှစ်၊
ဖေဖော်ဝါရီလ(၉) ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပါသည်။

