အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်
ဖိလစ်ပိုင်နိုင်ငံ၊
စီဘူးမြို့တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၇) ရက်နေ့မှ (၈) ရက်နေ့အထိ ကျင်းပသည့်
အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ်
လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
အဖွဲ့ဝင် ဦးညွန့်ဆွေ နှင့် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာလင်းတို့
ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌
ဖိုရမ်၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat)
တည်ထောင်ဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊
အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏၂၀၁၇ ခုနှစ်မှ ၂၀၂၁
ခုနှစ်အထိ ဆောင်ရွက်မည့် မဟာဗျူဟာလုပ်ငန်းစဉ်ကိစ္စရပ်များ၊ ရွှေ့ပြောင်းသွားလာမှုနှင့် လူ့အခွင့်အရေးကိစ္စရပ်များ အပါအဝင်
လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြပါသည်။
