အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF)၏ လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခြင်း

  • News

    မလေးရှားနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (SUHAKAM) ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေ နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာလင်း တို့သည် ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ နှင့် ၂၉ ရက်နေ့များတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပသော အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေး၌ အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်၏ အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) ဖွင့်လှစ်ရန်ကိစ္စ၊ အာဆီယံ ဒေသတွင်း အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (SEANF) ၏ အခန်းကဏ္ဍ၊ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး တွင် SEANF ၏ အခန်းကဏ္ဍ၊ သက်ကြီးရွယ်အိုများအခွင့်အရေးနှင့်စပ်လျဉ်း၍ SEANF အဖွဲ့ဝင်များ၏ ဆောင်ရွက် ချက်များနှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

Recent News