အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်ခြင်း

  • News

       အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ လက်ရှိဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက်ရှိသော တီမောလက်စ်တေ နိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေနှင့် ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာလင်း တို့သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ တီမောလက်စ်တေနိုင်ငံ၊ ဒီလီမြို့တွင်ကျင်းပသော အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ ဖိုရမ်၏ ၂၀၁၇-၂၀၂၁ မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရေး ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများ၏ဆောင်ရွက်ချက်များ၊ အဖွဲ့ဝင်နိုင်ငံများ၏ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ်(၇၀)ပြည့် အထိမ်းအမှတ်ဆောင်ရွက်ချက်များ၊ မသန်စွမ်းသူများ အခွင့်အရေး နှင့် LGBTI အခွင့်အရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက်များ၊ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ရွှေ့ပြောင်းသွားလာသူများအခွင့်အရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ဖိုရမ်နှင့် Raoul Wallenberg Institute (RWI) တို့ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဖိုရမ်၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) တည်ထောင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ ဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်း အဝေးနှင့် ၂၀၁၉ ခုနှစ် ဖိုရမ်နှစ်ပတ်လည်အစည်းအဝေး ကျင်းပရန်ကိစ္စရပ်များနှင့် အခြားသောလူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

Recent News