အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ Rules of Procedure (ROP) တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ လက်မှတ်ရေးထိုးခြင်း

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ Rules of Procedure (ROP) ကို ဖိုရမ်အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်များ၏ ဥက္ကဋ္ဌ များက အတည်ပြု လက်မှတ်ရေးထိုးရန်အတွက် ROP Hard Copy ကို ဖိုရမ်အဖွဲ့ဝင် လူ့အခွင့်အရေး ကော်မရှင်များ ထံလှည့်လည်ပေးပို့ ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ SEANF ၏ Rules of Procedure တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုး ခဲ့ပြီး လက်မှတ်ရေးထိုးရန်ကျန်ရှိသည့် အင်ဒိုနီးရှားနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ထံသို့ Rules of Procedure (ROP) Hard Copy အား ဆက်လက်ပေးပို့သွားမည်ဖြစ်သည်။