အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်း အဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း

  • News

    အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မလေးရှားနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွှန့်ဆွေနှင့် ကော်မရှင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇေယျာလင်းတို့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၁၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပသော အရှေ့တောင်အာရှအမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်း များဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။

    အစည်းအဝေးတွင် SEANF အမြဲတမ်းအတွင်းရေးမှူးရုံးချုပ်တည်ထောင်ရန်ကိစ္စ၊ အရှေ့တောင် အာရှဒေသတွင်း ဒုက္ခသည်များ၊ ခိုလှုံခွင့်တောင်ခံသူများ၊ လူကုန်ကူးခံရသူများ၏ အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးတွင် SEANF ၏ အခန်းကဏ္ဍ အပါအဝင် လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအား ပါဝင်တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

Recent News