အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခြင်း

  • News

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ လက်ရှိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေနှင့် ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာလင်းတို့သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ မှ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပသော အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ ဖိုရမ်၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) တည်ထောင်ရန် ကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများ၊ ဖိုရမ်နှင့် Raoul Wallenberg Institute (RWI)Association for the Prevention of Torture (APT) တို့နှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ၂၀၁၈ ခုနှစ် ဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ကျင်းပရန်ကိစ္စရပ်များ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ဖိုရမ်၏ အထူးအစီ အစဉ်တစ်ရပ် ကျင်းပရန် ကိစ္စရပ်များနှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

Recent News