အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ High-Level Meeting သို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တက်ရောက်ခြင်း

  • News

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF)  Rules of Procedure ၌ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်နှင့် စပ်လျဉ်းသောပြဌာန်းချက် သတ်မှတ် ထည့်သွင်းရန်ကိစ္စအား ဆွေးနွေးရန်အတွက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (High-Level Meeting)ကို ဖိုရမ်၏ လက်ရှိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော မလေးရှားနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် Online Platform အသုံးပြု၍ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များ ဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦး၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဆွေဆွေအောင်၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် ရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အဆိုပြုတင်ပြထားသော  ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ရာတွင် ဖိုရမ်အဖွဲ့ဝင် ကော်မရှင်များအနက် သုံးပုံနှစ်ပုံ မဲအများစုဖြင့် ဆုံဖြတ်ချက်ချမှတ်ဆောင်ရွက်နိုင်မည့် ကိစ္စနယ်ပယ်များကို ဖိုရမ်၏  Rules of Procedure ၌ ထည့်သွင်းပြဋ္ဌာန်းရေးအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၅း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။