အာဆီယံ နှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် MNHRC အဖွဲ့ဝင် ဦးညွန့်ဆွေ အမှာစကားပြောကြားခြင်း

  • News

    မြန်မာနိုင်ငံ အာဆီယံဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အလုပ်အဖွဲ့ နှင့် ညီမျှခြင်း (မြန်မာ) တို့ပူးပေါင်း၍ အာဆီယံအသင်းကြီးတည်ထောင်ခြင်း နှစ် (၅၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ စင်ထရယ်ဟိုတယ်၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၇ ရက်က ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေ တက်ရောက်၍ အမှာစကားပြောကြားသည်။

    အဖွဲ့ဝင် ဦးညွန့်ဆွေက အမှာစကားပြောကြားရာတွင် အာဆီယံအသင်းကြီးအနေဖြင့် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးဆောင်ရွက်ရာတွင် ဒေသတွင်းရှိ အစိုးရများ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို ထည့်သွင်းပြောကြားသွားပါသည်။

Recent News