အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (APF) ၏ (၂၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ တက်ရောက်ခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့မှ ၂ ရက်နေ့အထိ ကျင်းပသော အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (APF) ၏ (၂) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇေယျာလင်း လိုက်ပါခဲ့ပါသည်။

    အစည်းအဝေးသို့ အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (APF) အဖွဲ့ဝင်နိုင်ငံ (၂၆) နိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၊ ထိုင်ဝမ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များမှ ကိုယ်စားလှယ်များ၊ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးမှ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်မှ ကိုယ်စားလှယ်များက လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေးအစီအစဉ် ပထမနေ့တွင် ဖိုရမ်၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု အစီရင်ခံခြင်းကိစ္စရပ်များ၊ ဖိုရမ်အဖွဲ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဖိုရမ်နှင့် အရပ်ဘက် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

    အစည်းအဝေး ဒုတိယနေ့တွင် ဖိုရမ်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အစည်းအဝေးသို့ လေ့လာသူများအဖြစ် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များဖြစ်သည့် ကျား-မ တန်းတူညီမျှမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုနှင့်ဆက်စပ်အခွင့်အရေးဆိုင်ရာကိစ္စများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ အခွင့်အရေးဆိုင်ရာကိစ္စများစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးတင်ပြခြင်း အစီအစဉ်ကို ဆက်လက် ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ကျား-မ တန်းတူညီမျှရေး (Gender Equality) ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဆောင်ရွက်နေမှုအနေအထား၊ နိုင်ငံတော်၏ အမျိုးသမီးရေးရာကဏ္ဍဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်နေမှုကဏ္ဍများကို ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။ ယင်းနောက် ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးနှင့် တစ်ဆက်တည်း ကျင်းပပြုလုပ်သည့် “အာရှ-ပစိဖိတ် အကြီးတန်း အရာရှိများကွန်ယက်အစည်းအဝေး” သို့ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇေယျာလင်း ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်အား ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာကြသူများမှ သိရှိလိုသည်များ မေးမြန်းဖြေကြားခဲ့ပါသည်။

    ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ ထိုင်းနိုင်ငံ စံတော်ချိန် ညနေ (၁၇း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ စက်တင်ဘာလ ၂ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။

 

Recent News