အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း (မင်္ဂလာဒုံ)၌ သင်ခန်းစာ သွားရောက်ပို့ချ (၁၉-၆-၂၀၂၆)
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည်ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ လူ့အခွင့်အရေး
မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။
ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊
ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက်
လုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး
ဦးကောင်းခန့်ဇင်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း (မင်္ဂလာဒုံ) ၌ ဖွင့်လှစ်လျက်ရှိသော စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် (၁)
လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဥ် (၁/၂၀၂၆) သို့ ၁၉-၆-၂၀၂၆
ရက်နေ့တွင် ၁၃:၀၀ နာရီအချိန်မှ
၁၅:၅၀ နာရီအချိန်ထိ လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များစသည့်
သင်ခန်းစာများပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား ၅၀ ဦး၊ သင်တန်းသူ ၅၀ ဦး၊ စုစုပေါင်း သင်တန်းသား ၁၀၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့်မေးခွန်းများကို မေးမြန်းကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်က
ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်