၂၀၁၆ ခုနှစ်၊ လုပ်ငန်းအစီအစဉ်အရ အမှတ် (၃) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး(မန္တလေး) ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားကျင်းပခြင်း

  • News

၁။        မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၆ခုနှစ်၊ လုပ်ငန်းအစီအစဉ်အရ အမှတ်(၃) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး(မန္တလေး) ကွပ်ကဲမှုအောက်ရှိ ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ နံနက်၀၉: ၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲသူရိန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံ ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး အမှတ်(၃) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးက အမှာစကားဆက်လက်ပြောကြားခဲ့သည်။

၂။        အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲသူရိန်ခန်းမတွင် ၂ ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အမှတ်(၃) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ကွပ်ကဲမှုအောက်ရှိ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ ရဲအရာရှိ ၅၀ ဦး တက်ရောက်ကြမည်ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း လူ့အခွင့်အရေး သဘောတရားများ ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုထားသော ကုလသမဂ္ဂလူ့အခွင့်အရေးစာချုပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ပြဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အကြောင်းတို့ကို ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ကော်မရှင်ရုံး ဝန်ထမ်းများက ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Recent News