၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိ များအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ  အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၀၉:၀၀ နာရီ တွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်က အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက အမှာစကား ဆက်လက် ပြောကြားခဲ့ပါသည်။

၂။      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကရင်ပြည်နယ် အတွင်းရှိ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့များမှ ရဲအရာရှိ (၅၀) ဦး တက်ရောက်ကြမည်ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း လူ့အခွင့်အရေး သဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ မြန်မာနိုင်ငံကပါဝင်ချုပ်ဆိုထားသော ကုလသမဂ္ဂလူ့အခွင့်အရေးစာချုပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈)ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့် တာဝန်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းတို့ကို ကော်မရှင် အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်၊ ဦးစိုးဘုန်းမြင့်၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့က ဆွေးနွေးပို့ချသွားမည်ဟုသိရှိရပါသည်။

Recent News